ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်ဆန်းကျေးရွာအနီး လယ်တော တစ်ခုတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်က မန်ဆန်းကျေးရွာသား တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရသည်။

မန်ဆန်းကျေးရွာသားတစ်ဦး ဖြစ်သည့် စိုင်းကောထို့(ခ) အိုက်ကောသည် မန်ဆန်းရွာအနီး လယ်ထဲတွင် အလုပ် လုပ်နေစဉ် အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်သွားသဖြင့် နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာက သွားရောက်စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူနှင့် ပတ်သက်၍ အချက်အလက် အသေးစိတ် မသိရှိရသေးပါ။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့က ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲမြို့ မုန်လာခြံရပ်ကွက် စားသောက်ဆိုင်တစ်ခုတွင် မိုင်းတင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းရင်၊ ကျေးရွာသူကြီးဟောင်း ဦးစိုင်းဆုဇေယျနှင့် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းကျေးရွာမှ နားမွန်းရွာသူကြီး ဦးစိုင်းအိုက်တင်းတို့ သေနတ်ဖြင့်ပစ်သတ်ခံရမှု၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့က ကျောက်မဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP )၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး ဟွေလုံကျေးရွာ၌ သေနတ်ပစ်သတ်ခံရမှုနှင့် မိုင်းတင်းကျေးရွာအုပ်စု၏ ရပ်ကျေးစာရေးအမျိုးသားတစ်ဦးကို မိုင်းတင်းကျေးရွာနှင့် နားမွန်းကျေးရွာကြားတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိမှုတို့ ဖြစ်ပွားခဲ့သည်များလည်း ရှိခဲ့သည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်
 ဓါတ်ပုံ -  Zom Mong Hom

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~