ကျိုက်ဒုံဗျူဟာအား KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရာ လက်နက်မျိုးစုံ (၉၀) ကျော် ရရှိ

ကျိုက်ဒုံဗျူဟာအား KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရာ လက်နက်မျိုးစုံ (၉၀) ကျော် ရရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံဗျူဟာအား KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရာ လက်နက်မျိုးစုံ (၉၀)ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KNLA က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ 



ကျိုက်ဒုံဗျူဟာစခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၇)ရက် နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ(၁၄)ရက်နေ့တွင် စခန်းအားအပြီး သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ကျိုက်ဒုံဗျူဟာ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ RPG၊ ပွိုင့် 5 ၊ ငါးကြင်းမြှီးစက် သေနတ်အပါအဝင် လက်နက်ငယ် ပေါင်း (၈၆)လက်၊ ၆၀မမ(၄)လက်၊ ၈၁မမ (၂)လက်၊ ၁၂၀မမ (၁)လက်၊ Drone Gun (၂)လက်၊ ခဲယမ်းကျည်များနှင့် စစ်အသုံးအ ဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

စခန်းသိမ်းပိုက်စဉ် စစ်ဗျူဟာမှူး ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး၊ G2၊  G3 အဆင့်များအပါအဝင် စစ်ကောင်စီတပ်သား (၆၆)ဦး လက်နက်ချအညံ့ခံခဲ့သည်ဟု သိရသည်။ 

ကျိုက်ဒုံဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်ကလည်း ကျဆုံးနှင့် ဒဏ်ရာရရဲဘော်တချို့ရှိခဲ့ကြောင်း သိရသည်။