မုန်လိုင်ခက် စစ်ရှောင်စခန်းအနီးကို စစ်ကောင်စီတပ် လေယာဉ်နှင့် ဗုံးကြဲကာ လက်နက်ကြီးနှင့်ပစ်ခတ်

Photo: အောက်တိုဘာလ ၉ ရက်နေ့က မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီးမြင်ကွင်း
Photo: အောက်တိုဘာလ ၉ ရက်နေ့က မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီးမြင်ကွင်း
မုန်လိုင်ခက် စစ်ရှောင်စခန်းအနီးကို စစ်ကောင်စီတပ် လေယာဉ်နှင့် ဗုံးကြဲကာ လက်နက်ကြီးနှင့်ပစ်ခတ်
By Tachileik News Agency

ကချင်ပြည်၊ လိုင်ဇာဌာနချုပ်အနီးရှိ မုန်လိုင်ခက်(Mung Lai Hkyet)စစ်ရှောင်စခန်းအနီးကို စစ်ကောင်စီတပ်က  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၂)ရက် နေ့တွင် လေကြောင်းမှ (၅)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အပြင် ညနေပိုင်းတွင်လည်း မုန်လိုင်ခက် ပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၉)ရက်နေ့ကလည်း မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ (၃၀)ဦးဝန်းကျင် သေဆုံးခဲ့ရကာ (၅၀)ကျော်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လိုင်ဇာမြို့နှင့် (၂)မိုင်ကျော်ဝေးသည့် မုန်လိုင်ခက် စစ်ရှောင်စခန်းတွင် အိမ်ခြေ(၆၀)ကျော်ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ စစ်ကောင်စီတပ်နှင့် ကချင်လွတ် မြောက်လပ်ရေးတပ်မတော်(KIA)၏ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။