မုံရွာစီပွားရေးတက္ကသိုလ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မုံရွာစီပွားရေးတက္ကသိုလ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ စီပွားရေးတက္ကသိုလ်ကျောင်းဝင်းထဲတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီး အင်အားနှစ်ရာခန့်ကို ၂၀၂၄ခုနှစ် ဧပြီလ ၁၁ရက်နေ့ နံနက်နှစ်နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Snipe Rangers Force (Local- PDF)၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ အလုံးရေ ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်၊ စက်ကလေး၊ ၆၀ မမနှင့် ၄၀ မမ တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ တစ်နာရီခန့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီး ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

အဆိုပါ တိုက်ခိုက်ခဲ့မှုကို For July 16 စစ်ဆင်ရေးအနေဖြင့် Snipe Rangers Forceနှင့် ဒေါင်းပြောက်ကျားတပ်၊ မုံရွာခရိုင် ရင်း ၂၇၊ GOS တပ်ဖွဲ့ နှင့်အတူ မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency