ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆ အမြောက်တပ်ရင်းကို ဒေသကာကွယ်ရေးတပ်များ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်

ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆ အမြောက်တပ်ရင်းကို ဒေသကာကွယ်ရေးတပ်များ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်
နိုဝင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ၆၀၀၆ (အမြောက်)တပ်ရင်းအား Kanbalu Underground Warriors အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ၁၇၀မမ ရှော့တိုက်ဒုံးများဖြင့် ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်းတွင် စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နေကြသော  တော်လှန်ရေးအဖွဲ့များ၏ စစ်ကူ၊ စစ်လှုပ်ပြုခိုင်းခြင်းကြောင့် ကန့်ဘလူ ၆၀၀၆(အမြောက်)တပ်ရင်းသို့ ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စုထားသည့် ၆၀၀၆ တပ်ရင်းအနီးရှိ ဘောလုံးကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်

၆၀၀၆ (အမြောက်)တပ်ရင်းသည် အရပ်သားများနေထိုင်ရာ ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများရှိနေခြင်းကြောင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)