သီပေါမြို့နယ် ကျင်တီတံတားစစ်ကောင်စီတပ်စခန်းကို TNLA ယနေ့ သိမ်းပိုက်

သီပေါမြို့နယ် ကျင်တီတံတားစစ်ကောင်စီတပ်စခန်းကို TNLA ယနေ့ သိမ်းပိုက်
နိုဝင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ ဘော်ကြိုအနီးရှိ စစ်ကောင်စီတပ်၏ ကျင်တီတံတားတပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း TNLA ရှေ့တန်းရောက် ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့  ကျောက်မဲ၊ သီပေါရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ကူပေးနေကာ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၀)ရက်နေ့ ညပိုင်းကလည်း နမ့်ခမ်းမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ စခန်းသစ်ကုန်းအား TNLAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Photo : News & Information Department