ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာမှ တိုက်ပွဲရှောင်များ နေရပ်ပြန်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာမှ တိုက်ပွဲရှောင်များ နေရပ်ပြန်
ဇူလိုင် 1, 2020
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာမှ တိုက်ပွဲရှောင်များ နေရပ်ပြန်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့က ရောက်ရှိနေသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၁၆၁)စုသည် ဇူလိုင်လ (၁) ရက်နေ့တွင် နေရပ်ပြန်ကြပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဇွန်လ (၂၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာပေါင်း (၁၀)ရွာမှ   နောင်ပိန်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်ပြီး ဇူလိုင်လ(၁) ရက်နေ့တွင် နယ်မြေအေးချမ်းသွားသည့် အတွက် နေရပ်ပြန်ကြခြင်းဖြစ်ကြောင်း သိရသည်။

နောင်ပိန်တိုက်ပွဲရှောင်ကော်မတီသို့ အလှူရှင်များ လာရောက်လှူဒါန်းထားကြသောဆန်၊ဆီများ ကျန်ရှိနေသဖြင့် တိုက်ပွဲရှောင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂) ပြည်နှင့်ဆီတစ်ဗူး၊ ကျောက်မဲရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ အိမ်ထောင်စု တစ်စုစီတိုင်းကို အခြေခံပစ္စည်း ( ၉ )မျိုးတို့အားမျှဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲနယ်အတွင်းရှိ ရေဆန်ကျေးရွာ၊ ပန်ကျံကျေးရွာ၊ ပန်လော့ကျေးရွာ၊ ဟဲကွီးကျေးရွာနှင့် လွယ်ကုန် ကျေးရွာတို့ အပါအဝင် ကျေးရွာပေါင်း (၁၀)ရွာမှ လူဦးရေ(၆၀၀)ဝန်းကျင်ရှိသည့် အိမ်ထောင်စု(၁၆၁)စုသည် နောင်ပိန်ကျေးရွာ  ဘုန်းကြီးကျောင်းသို့ ဇွန်လ  (၂၉) ရက် နေ့လည်ပိုင်းက ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

ဇွန်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အမျိုးသား(၁) ဦး သေဆုံးခဲ့ပြီး အမျိုးသမီးကြီး(၁) ဦးလည်း သေနတ်ကျည် ထိမှန်ခဲ့ကာ ဒေသခံ အမျိုးသားတစ်ဦးမှာ ရိုက်နှက် စစ်ဆေးခံရသည့်အတွက် ဆေးကုသမှုခံယူနေရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~