NCA နှင့် ပတ်သက်ပြီး လိုက်နာစရာအကြောင်းမရှိတော့ဘူးဟု KNU ပြော

NCA နှင့် ပတ်သက်ပြီး လိုက်နာစရာအကြောင်းမရှိတော့ဘူးဟု KNU ပြော

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်( Nationwide Ceasefire Agreement - NCA )နှင့်ပတ်သက်ပြီး လိုက်နာစရာ အကြောင်းမရှိတော့ဘူးဟု ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားလိုက်သည်။

ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့တွင် ပြုလုပ်သည့် KNU ဗဟို၏ ရက်(၁၀၀)ပြည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနများ၏ မေးမြန်းမှုကို KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။ 

“NCA နဲ့ပတ်သက်ပြီး ကျွန်တော်တို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာကြောင့် လည်းဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁)အခြေခံမူကို နင်းခြေဖျက်စီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။”ဟု  ပဒို စောတာဒိုမူးက ပြောသည်။

ထို့ကြောင့် NCA အခန်း(၁)သည် NCA တစ်ခုလုံး၏ နှလုံးသားဖြစ်ကာ ယင်းနှလုံးသားကို ဖျက်စီးလိုက်ပြီဖြစ်သောကြောင်း NCA သည် မရှိတော့ကြောင်း၊ NCA ကို အသုံးပြု ပြီး နိုင်ငံတကာကိုလှည့်စားခြင်းသော် လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော် လည်းကောင်း လုပ်သည့်ကိစ္စရပ်များသည် KNU နှင့် မဆိုင်ဟုလည်း ပြောဆိုလိုက်သည်။

လက်ရှိတွင် စစ်ကောင်စီသည် NCA ကို အကြောင်းပြကာ ကရင်အမျိုးသားအစည်းအရုံး ( Karen National Union - KNU )၊ ချင်းအမျိုးသားတပ်ဦး( Chin National Front - CNF )၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်မတော်( All Burma Students' Democratic Front - ABSDF )တို့ကလွဲ၍ ကျန်(၇)ဖွဲ့နှင့် တွေ့ဆုံနေခြင်းများရှိသည်။