နောင်ချိုမြို့နယ် ဇီးဖြူရေကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကလေးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

နောင်ချိုမြို့နယ် ဇီးဖြူရေကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကလေးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
နိုဝင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဇီးဖြူရေကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကလေးငယ်(၂)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် ဇီးဖြူရေကျေးရွာကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ သားအမိ(၄)ဦးနေထိုင်သည့် နေအိမ်အားထိမှန်ခဲ့ပြီ (၁)နှစ်အရွယ် ကလေးတစ်ဦးနှင့် (၁၂)နှစ်အရွယ် ကလေးတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

မိခင်ဖြစ်သူနှင့် ကျန်ကလေး(၁)ဦးမှာလည်း ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဆေးကုသပေးရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် သံဘိုတပ်စခန်းမှနေ၍ ဆီဖြူရေးကျေးရွာဘက်သို့ ယနေ့ ညနေ (၅)နာရီခွဲကျော်တွင် လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : Mandalay People's Defence Force