မြို့သာရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်

မြို့သာရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်
အောက်တိုဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ငါးဇွန်မြို့နယ် မြို့သာမြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Sintkaing Revolution Force-SRFထံမှ သိရသည်။

အဆိုပါရဲစခန်းကို (၄၀)မမ ဗုံးသီး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရဲစခန်းကို Sintkaing Revolution Force-SRF၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၆) ခွဲ(၃) SPECIAL TASK FORCE-NGAZUN၊ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၆) ခွဲ(၂) JUSTICE RANGER FORCE-NGAZUN၊ မြင်းခြံခရိုင်တပ်ရင်း အမှတ်(၆) ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် တပ်ရင်း(၂)၊ နဘက်တိုက်နယ် ပကဖနှင့် စဥ့်ကိုင် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ (၁၆)ရက်နေ့ကလည်း ငါးဇွန်မြို့နယ် အိုင်သာအုပ်စု တောင်ကုန်းကျေးရွာရှိ မြို့နယ် ပျူစောထီးခေါင်းဆောင် သိန်းဌေးဆိုသူကို Sintkaing Revolution Force -SRF၊ SPECIAL TASK FORCE -NGAZUN၊ JUSTICE RANGER FORCE၊ နဘက်တိုက်နယ် ပကဖနှင့် စဥ့်ကိုင် ပကဖ တို့ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency