လားရှိုးရှိ စစ်ကောင်စီတပ်စခန်း MNDAA ထပ်သိမ်း

လားရှိုးရှိ စစ်ကောင်စီတပ်စခန်း MNDAA ထပ်သိမ်း
အောက်တိုဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAAက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းအား ယမန်နေ့ ညနေပိုင်းကစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်း၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ကူပေးခဲ့ရာ တစ်ညလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့နေ့နက်ပိုင်းတွင် စခန်းအား MNDAAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စခန်းအားသိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သားများလည်း ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြောက်ပိုင်းညီနောင်(၃)ဖွဲ့က အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ခဲ့ရာ (၂၈)ရက်နေ့အထိ စစ်ကောင်စီတပ်စခန်းပေါင်း (၃၀)ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ‌ညီနောင်မဟာမိတ်များက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : The Kokang