မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာကို ကရင်နီတော်လှန်ရေးတပ်များဝင်သိမ်း လက်နက်များ သိမ်းဆည်းရရှိ

မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာကို ကရင်နီတော်လှန်ရေးတပ်များဝင်သိမ်း လက်နက်များ သိမ်းဆည်းရရှိ
နိုဝင်ဘာ 7, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ် ပန်တိန်းရွာအနီးရှိ စစ်ကောင်စီတပ်စွဲထား‌သောနေရာကို ကရင်နီပူးပေါင်းတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြီး လက်နက်ခဲယမ်းများကိုလည်း ကရင်နီတော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

"မယ်စဲ့မြို့နဲ့ ဖားဆောင်းမြို့ကြားက အရင်(၁၀၀၄)နယ်ခြားစောင့်တပ်စခန်း‌ဟောင်း ပန်တိန်းမှာ တပ်စွဲ‌နေတဲ့ စစ်ကောင်စီတပ်တွေကို KNPPနဲ့  ကရင်နီတပ်ပေါင်းစုက ဝင်တိုက်တာ။ ဒရုန်းတွေ၊ မြေပြင်တွေကနေ ထိုးစစ်ဆင်တိုက်ခိုက်တာ စစ်ကောင်စီတပ်ဘက်က (၁၆)ဦးသေတယ်။  လက်နက်‌ခဲယမ်း‌တွေရတယ်။"ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

  

အသေးစိတ်အချက်အလက်ကိုမူ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်မည်ဟု သိရသည်။

#TachileikNewsAgency