လွိုင်ကော်လေဆိပ်တွင် လေယာဉ်တစ်စီး ကွင်းအဆင်းတွင် ပစ်ခတ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရ

လွိုင်ကော်လေဆိပ်တွင် လေယာဉ်တစ်စီး ကွင်းအဆင်းတွင် ပစ်ခတ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့်ရဲက လုံခြုံရေးယူထားသည့် လေဆိပ်၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းလေယာဉ်တစ်စီး သေနတ်ပစ်ခံရကာ ခရီးသည်တစ်ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ရန်ကုန်မှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်သည် လွိုင်ကော်လေဆိပ်အဆင်း၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရပြီး ပစ်ခတ်မှုဖြစ်ပွားအပြီးတွင် လေဆိပ်ဝန်းကျင်၌ အချိန်အနည်းငယ်ကြာသည်အထိ စစ်ဆေးမှုကိုတွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် ခရီးသည်၏ အခြေအနေနှင့် မည်သည့်အဖွဲ့က ပစ်ခတ်သည်တို့ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။