ဒီးမော့ဆိုမြို့နယ်အတွင်း သေးဆူးလဲရွာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်သား (၄)ဦး RPG ထိမှန် သေဆုံး

 ဒီးမော့ဆိုမြို့နယ်အတွင်း သေးဆူးလဲရွာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်သား (၄)ဦး RPG ထိမှန် သေဆုံး
စက်တင်ဘာ 13, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲရွာတွင် ကင်းထောက်နေစဉ် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်သား (၄)ဦး RPG ဖြင့် ပစ်ခံရ၍ သေကြောင်း KNDF B 05 က ယနေ့ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ထုတ်ပြန် သည်။

စက်တင်ဘာလ (၁၂)ရက်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ အမှတ် (၅)တပ်ရင်း နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ပူးပေါင်းအဖွဲ့များသည် သေးဆူးလဲတွင် ကင်းထောက်နေစဉ်အတွင်း စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဘက်က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား  (၄) ဦးသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ခဲ့ကာ KRU ရဲဘော်များမှလည်း လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးပစ်ကူ အနည်းဆုံး (၂) ကြိမ်ခန့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲသားများ  အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency