မုံးကိုးနှင့် သိန္နီဒေသများတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၆)ဦးသေဆုံး 

မုံးကိုးနှင့် သိန္နီဒေသများတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၆)ဦးသေဆုံး 
နိုဝင်ဘာ 5, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနှင့် သိန္နီဒေသများတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၆)ဦး သေဆုံးခဲ့ရကြောင်း MNDAAထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၄)ရက်နေ့က မုံးကိုးဒေသ ရှောက်ကွမ်းလုံးဒေသရှိ စစ်ကောင်စီ အမှတ် (၃)တပ်စခန်းနှင့် မုံးကိုးဗျူဟာကုန်း အနောက်ဘက်တောင်ကုန်းရှိ အမှတ်(၄) တပ်စခန်းကို MNDAAနှင့် AA တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုံးကြည်ဒေသ၊ နန်တုန်ရွာအုပ်စု၊ ရှင်းကျိုင့်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး (၃)ဦးနှင့် လူကြီး(၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ယင်းနေ့တွင်ပင် သိန္နီမြို့နယ် ဟိုပန်ရွာအုပ်စု၊ မုံးတင်တိတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် မုံးတင်တိတောင်ကုန်းအား (၂)ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် လေကြောင်းမှ မုံးယောင်ဒေသ၊ ဟွေလော့ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency