ကျောက်ထု  - မင်းတပ် လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများသေဆုံးပြီး ခဲယမ်းများရရှိ

Photo: Chin Defence Force -Kanpetlet
Photo: Chin Defence Force -Kanpetlet
ကျောက်ထု  - မင်းတပ် လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများသေဆုံးပြီး ခဲယမ်းများရရှိ

 မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ကျောက်ထုအမြောက်တပ်ထဲမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူရှိပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၃)ရက်တွင် CDF-Mindat ၊ CDF-Kanpetelt နှင့် The Youth Force(Saw,Kyawthu)ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်သားများအား  ကျောက်ထု - မင်းတပ်လမ်း တစ်နေရာတွင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ညနေ (၄)နာရီမှ (၅)နာရီအထိ အချိန်(၁)နာရီအကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ CDF-Mindat ရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း Chin Defence Force -Kanpetlet က ယနေ့ ဧပြီလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

တိုက်ပွဲအတွင်း ၆၀မမ ဗုံးသီး (၁) လုံး၊ ၄၀မမဗုံးသီး (၁)လုံးနှင့် MA ကျည်ဘောက် (၂)ခု အပြင် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။



တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်၍ ခရီးသွားပြည်သူများနှင့် ဒေသခံများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို တိကျစွာလိုက်နာပေးကြရန်လည်း CDF-ကန်ပက်လက်က ထုတ်ပြန် အသိပေးထားရှိသည်။