ဘားအံမြို့အတွင်းရှိ အမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

ဘားအံမြို့အတွင်းရှိ အမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

ကရင်ပြည်နယ် ဘားအံမြို့အတွင်းရှိ စစ်ကောင်စီတပ်၏ အမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ်အား ရှော့တိုက်ဒုံးဖြင့်ပစ်၍ ကားဗုံးဖောက်ခွဲမှုကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၈)ရက်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း HPA AN GUERILLA FORCE - HGF ထံမှ သိရသည်။

ဘားအံမြို့လည်ခေါင်ရှိ အမှတ်(၂၂) ခြေလျင်မတပ်မဌာနချုပ်ကို (၁၀၇)မမ ရှော့တိုက်ဒုံး(၃)လုံးအား ကားပေါ်တင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် ကားအား စစ်ဆေးရန်လာ ရောက်စဥ် ကားမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကားမိုင်းဖောက်ခွဲခြင်းကြောင့် စစ်ကောင်းစီတပ်သား (၂)ဦး သေဆုံးပြီး (၁၀)ဦးခန့် ထိခိုက်ဒက်ရာ ပြင်းထန်စွာရခဲ့ပြီး တောင်ကလေး စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း သိရသည်။

အခင်းဖြစ်ပွားပီးနောက် စစ်ကောင်စီတပ်များသည် မြို့အဝင်အထွက်ကို ပိတ်ဆို့စစ်ဆေးနေသော်လည်း တော်လှန်ရေးရဲဘော်များသည် လွတ်မြောက်နယ်မြေသို့ လုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency