KNU နယ်မြေတွင် ၉ လအတွင်း တိုက်ပွဲပေါင်း ၃၅၀၀ ကျော်ဖြစ်ပွား

KNU နယ်မြေတွင် ၉ လအတွင်း တိုက်ပွဲပေါင်း ၃၅၀၀ ကျော်ဖြစ်ပွား
အောက်တိုဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ(၃၅၀၀)ကျော် ဖြစ်ပွားခဲ့သည်ဟု KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့နှင့် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၃၅၇၀)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အရာရှိအရာခံများအပါအဝင် တပ်သားပေါင်း(၃၈၆၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ဘက်မှ ရဲဘော်(၁၁၂)ဦး ကျဆုံးခဲ့ပြီး (၃၉၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency