ရေးမြို့နယ် ချောင်းတောင်တံတားထိပ် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ဝင်ပစ်

ရေးမြို့နယ် ချောင်းတောင်တံတားထိပ် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ဝင်ပစ်

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ချောင်းတောင်တံတားထိပ် စစ်ဆေးရေးဂိတ်ကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။



ချောင်းတောင်တံတားထိပ် စစ်ဆေးရေးဂိတ်မှ အင်အား(၈)ဦးရှိ စစ်ကောင်စီတပ်သားများကို ယနေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ (၄)ဦးသေဆုံးခဲ့ကြောင်း သိရသည်။



"ချောင်းတောင်စစ်ဆေးရေးဂိတ် စကစ လုံခြုံရေးချထားတဲ့ဂိတ်ကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က သေနတ်ဝင်လုတာပေါ့။ သေနတ်တော့မရခဲ့ဘူး။ (၈)ဦးရှိတာမှာ (၄)ဦးကို ကျွန်တော်တို့ ပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့တယ်။ သေနတ်ကိုတော့ ကောက်ဖို့မဆင်မပြေခဲ့ဘူး။"ဟု ရေးဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။



ထို့အပြင် နံနက်(၁၀)နာရီဝန်းကျင်တွင်ပင် လမိုင်းမြို့၌ စစ်ကောင်စီ၏ မှတ်ပုံတင်လုပ်ငန်းများတွင် ပါဝင်ပြုလုပ်ပေးနေသူ၊ ဝန်ထမ်းအိမ်ယာအတွင်း နေထိုင်ပြီး အခကြေးငွေယူကာ မှတ်ပုံတင်ပြုလုပ်ပေးနေသော လဝက ဦးစီးမှူးဟောင်း၏ ဇနီးဖြစ်သူကိုလည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။



မွန်ပြည်နယ် ရေးမြို့နယ်အတွင်းနှင့် ရေးမြို့နယ်ပြင်ပတွင် စစ်ကောင်စီတပ်သားများ၊ ရဲ၊ မီးသတ်နှင့် Non-CDMဝန်ထမ်းများအားလုံး ခွင့်ပြုချက်မရဘဲ ခရီးမသွားကြရန် စစ်ကောင်စီတပ်ကညွှန်ကြားချက်ထုတ်ပြန်ခဲ့သေးသည်။



#TachileikNewsAgency

Photo : ရေးဘီလူးတပ်ဖွဲ့