သံလျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်

သံလျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်
နိုဝင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း သန်လျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်(သီလဝါ)မှ တပ်ကြပ်ကြီးတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းထံ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့က CDM ဝင်ရောက်လာကြောင်း သိရသည်။ 

အဆိုပါတပ်ကြပ်ကြီး အောင်ကျော်မျိုးကို ပုလောမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း၏ အရာရှိ၊ စစ်သည်များမှ ကြိုဆိုခဲ့ကြပြီး လက်ရှိတွင် ၎င်းအား လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာထားရှိကြောင်း သိရသည်။

ထပ်မံ၍ ၎င်းအား အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)၏ နိုင်ငံ့ဝန်ထမ်း CDMမူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

#TachileikNewsAgency