မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ တိုက်ခိုက်မှုအတွင်း မီးရှို့ခံရသည့် မော်တော်ယာဉ်များ အလုံးစုံအာမခံရှိမှသာ လျော်ကြေးရမည်ဖြစ်သော်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြထား
မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ တိုက်ခိုက်မှုအတွင်း မီးရှို့ခံရသည့် မော်တော်ယာဉ်များ အလုံးစုံအာမခံရှိမှသာ လျော်ကြေးရမည်ဖြစ်သော်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြထား
စကျတငျဘာ 19, 2019
By Tachileik News Agency
"ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ဖြစ်ပွားတဲ့တိုက်ပွဲများနဲ့ ဆက်စပ်ပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသော လိုင်စင်ရှိယာဉ်များမှာ မြန်မာ့အာမခံလုပ်ငန်းတွင် ပရီမီယမ်ကြေးများ ပေးသွင်း ထားခြင်းမှာ မြန်မာ့အာမခံဥပဒေ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(က)၊ သူတပါးထိခိုက်မှု အာမခံ နည်းဥပဒေပုဒ်မ(၁၅) အရ စက်တပ်ယာဉ်ပိုင်ရှင်များအနေဖြင့် မထားမနေရ သူတစ်ပါး ထိခိုက်မှု အာမခံကြေး ပေးသွင်းပြီး ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရသည့် မော်တော်ယာဉ်များအနေဖြင့် အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိမှသာ ပေးအပ်မည်ဖြစ်ပါကြောင်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရန်ဆောင်ရွက်လျှက်ရှိနေပါကြောင်း”ဟု ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြည်နယ်လွှတ်တော်တွင် ဖြေကြားထားသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၃)ဖွဲ့၏ တိုက်ခိုက်မှု အတွင်း မီးရှို့ခံရသည့်မော်တော်ယာဉ်များ အလုံးစုံအာမခံရှိမှသာ အာမခံလျော်ကြေးပြန်ရမည်ဖြစ်သော်လည်း ဆုံးရှုံးနစ်နာမှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကူညီနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ဖြစ်ပွားတဲ့တိုက်ပွဲများနဲ့ ဆက်စပ်ပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသော လိုင်စင်ရှိယာဉ်များမှာ မြန်မာ့အာမခံလုပ်ငန်းတွင် ပရီမီယမ်ကြေးများ ပေးသွင်း ထားခြင်းမှာ မြန်မာ့အာမခံဥပဒေ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(က)၊ သူတပါးထိခိုက်မှု အာမခံ နည်းဥပဒေပုဒ်မ(၁၅) အရ စက်တပ်ယာဉ်ပိုင်ရှင်များအနဖြေင့် မထားမနေရ သူတစ်ပါး ထိခိုက်မှု အာမခံကြေး ပေးသွင်းပြီး ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရသည့် မော်တော်ယာဉ်များအနဖြေင့် အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိမှသာ ပေးအပ်မည်ဖြစ်ပါကြောင်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရန်ဆောင်ရွက်လျှက်ရှိနေပါကြောင်း”ဟု ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြည်နယ်လွှတ်တော်တွင် ဖြကြေားထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပျက်စီးဆုံးရှုံးမှုများအနက် တရားဝင်လိုင်စင်ရှိသည့် မော်တော်ယာဉ်များအတွက် တရားမနစ်နာမှုဥပဒေအရ ကုစားပေးရန် အစီအစဉ် ရှိ၊မရှိကို သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက စက်တင်ဘာလ (၁၈)ရက်နေ့က ရှမ်းပြည်နယ် လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
"ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ သြဂုတ်လ (၁၅) ရက်နေ့မှစတင်ပြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတံတား မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ တိုက်ပွဲများဖြစ်ပွားတဲ့အတွက် ပြည်သူလူထုရဲ့နေအိမ်၊ အဆောက်အဦးများ ပျက်စီးခြင်း၊ ခရီးသွားပြည်သူများ အသက်ဆုံးရှုံးရခြင်း၊ မော်တော်ယာဉ်များ ဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ယာဉ်များဟာ လိုင်စင်ရှိတဲ့ ယာဉ်များဖြစ်သလို လိုင်စင်မဲ့ယာဉ်များလည်း ပါပါတယ်။ လိုင်စင်မဲ့ယာဉ်များကို မဆိုလိုသော်လည်း နိုင်ငံတော်ထံမှာ ပရီမီယမ်ကြေးသွင်းပြီး၊ အခွန်ဆောင်ထားခြင်း၊ တရားဝင်မှတ်ပုံတင်ထားခြင်းနဲ့ တရားဝင်ပို့ဆောင်ရေး လိုင်စင်ရှိတဲ့ယာဉ်များဟာ နိုင်ငံသားပိုင်တွဖြေစ်တဲ့အတွက် ပြည်ထောင်စုအစိုးရအနဖြေင့်သော်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအနဖြေင့် လည်းကောင်း တရားမနစ်နာမှုဥပဒေအရ မည်ကဲ့သို့ကုစားပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ရှိတယ်ဆိုပါက မည်ကဲ့သို့ကုစားပေးမည်နှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း”ဟု သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက မေးမြန်းခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်များ လိုင်စင်ပြုလုပ်ရာတွင် မြန်မာ့အာမခံလုပ်ငန်းသို့ ပေးသွင်းရသည့် ပရီမီယမ်ကြေးမှာ အဆိုပါ မော်တော်ယာဉ်ကြောင့် သူတစ်ပါးထိခိုက်မှုများဖြစ်ပွားပါက လျော်ကြေးပေးအပ်ရန်အတွက်ဖြစ်ပြီး မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုအတွက် အာမခံလျော်ကြေးမှာ အာမခံထားရှိသည့် အမျိုးအစားအလိုက် လျော်ကြေးပြန်လည်ရရှိခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်၊ Kutkai Youth
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net