အိတ္ေဇာႀကီးမ်ားတပ္ဆင္ေမာင္းႏွင္သည့္ ယာဥ္(၄၈)စီးကို လားရႈိးၿမိဳ႕တြင္ တစ္ပတ္အတြင္း ဖမ္းဆီးရမိ

အိတ္ေဇာႀကီးမ်ားတပ္ဆင္ေမာင္းႏွင္သည့္ ယာဥ္(၄၈)စီးကို လားရႈိးၿမိဳ႕တြင္ တစ္ပတ္အတြင္း ဖမ္းဆီးရမိ
ဇူလိုင် 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ဆူညံအိတ္ေဇာတပ္ယာဥ္မ်ားအား ဖမ္းဆီးပညာေပးေနရာ တစ္ပတ္အတြင္း ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆုိင္ကယ္ (၄၈)စီးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

 အမွတ္ ( ၂၀ ) ယာဥ္ထိန္းရဲတပ္ဖြဲ႔ခြဲႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႔တို႔ပူးေပါင္း၍ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁၇)ရက္ေန႔မွစ၍ ေရွာင္တခင္ စစ္ေဆးပညာေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိက စစ္ေဆးျဖစ္တာကေတာ့ ဘူတာလမ္းတစ္ေလွ်ာက္မွာ စစ္ေဆးတယ္။ ဖမ္းဆီးတယ္။ အေရးယူတယ္ ဆိုတာထက္ ဆိုင္ကယ္၊ ေမာ္ေတာ္ယာဥ္ကို တစ္ပတ္သိမ္းဆည္းထားၿပီးေတာ့ တစ္ပတ္ျပည့္တဲ့အခါ ဆူညံ အိတ္ေဇာ မဟုတ္တဲ့ ရိုးရိုးအိတ္ေဇာလဲတပ္ေစၿပီး ပိုင္ရွင္ကိုျပန္ေပးတာမ်ိဳးလုပ္တယ္။ ယာဥ္ထိန္းနဲ႔အတူ စစ္ေဆးမႈမွာ နယ္ေျမခံရဲတပ္ဖြဲ႔လည္းပါတယ္" ဟု အမွတ္( ၂၀) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႔ခြဲ(ရွမ္း/ေျမာက္)မွ ဒုတပ္ဖြဲ႔ခြဲမွဴး ရဲမွဴးမ်ိဳးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ဆူညံအိတ္ေဇာတပ္ယာဥ္မ်ားအား ေမာင္းႏွင္ေနသည္ကိုေတြ႔ရွိျခင္း၊ စီးနင္းသူကို သိရိွပါက သက္ဆုိင္ရာ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား( သို႔မဟုတ္ ) ယာဥ္ထိန္းတပ္ဖြဲ႔ထံသို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

"ေကတီဗြီေတြ အမ်ားဆံုးရွိရာေနရာျဖစ္တဲ့ ရပ္ကြက္ (၈)နဲ႔ ရပ္ကြက္ (၁၂) မန္ဆူဘက္မွာဆိုရင္ ညတိုင္း အိတ္ေဇာသံ ဆူညံတဲ့ ကားေတြ၊ ဆိုင္ကယ္ေတြ ေခါက္တုန္႔ေခါက္ျပန္ ျဖတ္သန္းေနတာေၾကာင့္ ပတ္ဝန္းက်င္ ေနထိုင္သူေတြ အေႏွာင့္အယွက္ျဖစ္ရပါတယ္။ အဲဒါေတြကိုလည္း ေရွာင္တခင္ဖမ္းဆီး ေစခ်င္ပါတယ္" ဟု ရပ္ကြက္(၁၂)တြင္ ေနထိုင္သူအမ်ိဳးသမီးတစ္ဦးက ေျပာသည္။

လမ္းမ်ားေပၚ၌  ညအခ်ိန္မေတာ္ ဆူညံအိတ္ေဇာတပ္ယာဥ္မ်ားေမာင္းႏွင္ျခင္းေၾကာင့္ သက္ႀကီးရြယ္အိုမ်ား၊ ကေလးငယ္မ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ အေႏွာင့္အယွက္ျဖစ္ေစျခင္းေၾကာင့္ ဖမ္းဆီးအေရးယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆက္လက္ဖမ္းဆီးမယ့္ အစီအစဥ္ေတြမွာ သိန္းနီလမ္း၊ မႏၱေလးလမ္း စတာေတြမွာလည္း ညပိုင္းမွာ ဆူညံ အိတ္ေဇာတပ္ၿပီး ေမာင္းႏွင္ေနတဲ့ယာဥ္ေတြကို ဖမ္းဆီးသြားဦးမွာပါ။ ျပည္သူေတြအေနနဲ႔ တိုင္ၾကားခ်င္တယ္ ဆိုရင္ ယာဥ္ထိန္းရံုး ဖုန္းနံပါတ္ျဖစ္တဲ့ ၀၈၂ ၂၂၃၃၀၇၇၁ ကို ဆက္သြယ္ၿပီးတိုင္ၾကားလို႔ရပါတယ္" ဟု ယာဥ္ထိန္း ရဲတပ္ဖြဲ႔ ဒုတပ္ဖြဲ႔ခြဲမွဴးက ေျပာသည္။

ဖမ္းဆီးသိမ္းဆည္းထားေသာ ဆူညံအိတ္ေဇာအေရအတြက္မ်ားျပားလာပါက ျပည္နယ္အစိုးရထံသို႔ တင္ျပကာ လမ္းႀကိတ္စက္ျဖင့္ နင္းႀကိတ္ဖ်က္ဆီးသြားမည္ဟု သိရသည္။

Tachileik News Agency
သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆူညံအိတ်ဇောတပ်ယာဉ်များအား ဖမ်းဆီးပညာပေးနေရာ တစ်ပတ်အတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် (၄၈)စီးကို ဖမ်းဆီးရမိကြောင်း သိရသည်။

 အမှတ် ( ၂၀ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့မှစ၍ ရှောင်တခင် စစ်ဆေးပညာပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"အဓိက စစ်ဆေးဖြစ်တာကတော့ ဘူတာလမ်းတစ်လျှောက်မှာ စစ်ဆေးတယ်။ ဖမ်းဆီးတယ်။ အရေးယူတယ် ဆိုတာထက် ဆိုင်ကယ်၊ မော်တော်ယာဉ်ကို တစ်ပတ်သိမ်းဆည်းထားပြီးတော့ တစ်ပတ်ပြည့်တဲ့အခါ ဆူညံ အိတ်ဇော မဟုတ်တဲ့ ရိုးရိုးအိတ်ဇောလဲတပ်စပြေီး ပိုင်ရှင်ကိုပြန်ပေးတာမျိုးလုပ်တယ်။ ယာဉ်ထိန်းနဲ့အတူ စစ်ဆေးမှုမှာ နယ်မြေခံရဲတပ်ဖွဲ့လည်းပါတယ်" ဟု အမှတ်( ၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်း/မြောက်)မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆူညံအိတ်ဇောတပ်ယာဉ်များအား မောင်းနှင်နေသည်ကိုတွေ့ရှိခြင်း၊ စီးနင်းသူကို သိရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ( သို့မဟုတ် ) ယာဉ်ထိန်းတပ်ဖွဲ့ထံသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

"ကေတီဗွီတွေ အများဆုံးရှိရာနေရာဖြစ်တဲ့ ရပ်ကွက် (၈)နဲ့ ရပ်ကွက် (၁၂) မန်ဆူဘက်မှာဆိုရင် ညတိုင်း အိတ်ဇောသံ ဆူညံတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ခေါက်တုန့်ခေါက်ပြန် ဖြတ်သန်းနေတာကြောင့် ပတ်ဝန်းကျင် နေထိုင်သူတွေ အနှောင့်အယှက်ဖြစ်ရပါတယ်။ အဲဒါတွေကိုလည်း ရှောင်တခင်ဖမ်းဆီး စေချင်ပါတယ်" ဟု ရပ်ကွက်(၁၂)တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

လမ်းများပေါ်၌ ညအချိန်မတော် ဆူညံအိတ်ဇောတပ်ယာဉ်များမောင်းနှင်ခြင်းကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကျောင်းသူကျောင်းသားများအတွက် အနှောင့်အယှက်ဖြစ်စခြေင်းကြောင့် ဖမ်းဆီးအရေးယူနခြေင်းဖြစ်ကြောင်း သိရသည်။

"ဆက်လက်ဖမ်းဆီးမယ့် အစီအစဉ်တွေမှာ သိန်းနီလမ်း၊ မန္တလေးလမ်း စတာတွေမှာလည်း ညပိုင်းမှာ ဆူညံ အိတ်ဇောတပ်ပြီး မောင်းနှင်နေတဲ့ယာဉ်တွေကို ဖမ်းဆီးသွားဦးမှာပါ။ ပြည်သူတွေအနေနဲ့ တိုင်ကြားချင်တယ် ဆိုရင် ယာဉ်ထိန်းရုံး ဖုန်းနံပါတ်ဖြစ်တဲ့ ဝ၈၂ ၂၂၃၃၀၇၇၁ ကို ဆက်သွယ်ပြီးတိုင်ကြားလို့ရပါတယ်" ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးက ပြောသည်။

ဖမ်းဆီးသိမ်းဆည်းထားသော ဆူညံအိတ်ဇောအရေအတွက်များပြားလာပါက ပြည်နယ်အစိုးရထံသို့ တင်ပြကာ လမ်းကြိတ်စက်ဖြင့် နင်းကြိတ်ဖျက်ဆီးသွားမည်ဟု သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net