သီန္နီနှင့် ကိုးကန့်ဒေသတို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို မဟာမိတ်တပ်များ ထပ်မံသိမ်းပိုက်

သီန္နီနှင့် ကိုးကန့်ဒေသတို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို မဟာမိတ်တပ်များ ထပ်မံသိမ်းပိုက်
အောက်တိုဘာ 31, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီန္နီနှင့် ကိုးကန့်ဒေသတို့ရှိ စစ်ကောင်စီတပ်စခန်း (၄)ခုကို မဟာမိတ်တပ်များက ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့နှင့် (၃၁)ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း သိရသည်။

မဟာမိတ်တပ်များသည် အောက်တိုဘာလ (၃၀)ရက်နေ့တွင် သိန္နီမြို့ ဟိုပန်ကျေးရွာ၊ မိုင်းတင် ရာဘာတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ယင်းနေ့တွင်ပင် ရက္ခိုင့်တပ်တော်(AA)မှ နာတီရွာတစ်ဝိုက်တွင် အခြေချသော စစ်ကောင်စီတပ်ဖွဲ့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။ 

ယနေ့ အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့်ဒေသ တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဟိုကျီတုံ တပ်စခန်း (၂)ခုကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော(MNDAA)က တိုက်ခိုက်သိမ်းယူခဲ့ကာ လက်ရှိတွင် ၎င်းတပ်စခန်းများအား ရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency