ဖောင်းဆိုင်မြို့ကို မဟာမိတ်တပ်များ သိမ်းပိုက်

ဖောင်းဆိုင်မြို့ကို မဟာမိတ်တပ်များ သိမ်းပိုက်
အောက်တိုဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ ဖောင်းဆိုင်မြို့ကို မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ည(၆)နာရီဝန်းကျင်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။

“ဖောင်းဆိုင်မြို့ကို ယနေ့ည(၆) နာရီပတ်ဝန်းကျင်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။”ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ညနေ(၆)နာရီခွဲ ဝန်းကျင်တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ ဖောင်းဆိုင်ရှိ စစ်ကောင်စီတပ်စခန်း(၄)ခုကို မဟာမိတ်တပ်များက ယနေ့ အောက်တိုဘာလ (၃၀)ရက်နေ့တွင် သိမ်းဆည်းရရှိလိုက်ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို့အပြင် ကွမ်လုံမြို့ ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဆင်ရေးကို ဆက်လက်အရှိန်မြှင့်တင်နေကာ အခြားသောနေရာများတွင်လည်း ထိုးစစ်နှင့် စစ်ဆင်ရေးများကို ဟန်ချက်ညီ လုပ်ဆောင်နေသည်ဟု သိရသည်။  

#TachileikNewsAgency