လားရှိုးမြို့တွင် ဗုံးပေါက်ကွဲပြီး ဒဏ်ရာရသူရှိ

လားရှိုးမြို့တွင် ဗုံးပေါက်ကွဲပြီး ဒဏ်ရာရသူရှိ
ဇန်နဝါရီ 30, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃)သီရိလမ်းနှင့် ကြာနီလမ်းထောင့်တွင် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲပြီး လူ(၂)ဦးထိမှန်ခဲ့ကြောင်း ဒေသခံများပြာပြချက်အရ ကနဦးသတင်း သိရသည်။

"ဗုံးကွဲတာဟုတ်ပါတယ်။ နှစ်ယောက်ထိတယ်လို့ သိရတယ်။ အခုဆေးရုံကိုရောက်နေပြီ။ ဘယ်သူတွေဆိုတာတော့ မသိရဘူး။"ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပေါက်ကွဲမှုသည် အမှတ်(၃)ရပ်ကွက်ရှိ RD ကုန်မာဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများက မီးငြိမ်းသတ်ခဲ့ရကာ ဆိုင်ကယ်နှင့် ဈေးဆိုင်တို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးလုပ်ဆောင်နေပြီး အသေးစိတ်အချက်အလက်ကို Tachileik News Agency က ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency