လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း ကလေးငယ်တစ်ဦး ဝက်ဝံ၏  ကုတ်ဖဲ့ကိုက်မှုကို ခံရခြင်းကြောင့် ဆိုးရွားပြင်းထန်သည့် ဒဏ်ရာရရှိ

Photo: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
Photo: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း ကလေးငယ်တစ်ဦး ဝက်ဝံ၏  ကုတ်ဖဲ့ကိုက်မှုကို ခံရခြင်းကြောင့် ဆိုးရွားပြင်းထန်သည့် ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့ရှိ နတ်ရေကန်ဘုန်းကြီးကျောင်းအတွင်း၌ ကလေးငယ်(မိန်းကလေး)တစ်ဦး ဝက်ဝံ ကုတ်ဖဲ့ကိုက်ခံရမှုကြောင့် ဆိုးရွားပြင်းထန်သည့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့ နေ့လည်(၁၂)နာရီကျော်က လားရှိုးမြို့၊ ရပ်ကွက်(၁)အတွင်းနတ်ရေကန်ဘုန်းကြီးအတွင်း မွေးထားသည့် ဝက်ဝံသည် ကလေးငယ်(မိန်းကလေး)တစ်ဦးအား ကုတ်ဖဲ့ကိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်ဝံ၏ ကုတ်ဖဲ့ကိုက်ခံရမှုကြောင့် ကလေးငယ်(မိန်းကလေး)၏ လက်မောင်းနှင့် ခြေထောက်တို့မှာ  ဆိုးရွားပြင်းထန်သည့် ဒဏ်ရာရရှိသွား၍ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က ကူညီပြီး လားရှိုးဆေးရုံကြီး၏ အရေးပေါ်ဌာနမှ တဆင့် အရိုးကုသဆောင်သို့ အရေးပေါ် ပို့ဆောင်ပေးထားရကြောင်း သိရသည်။



 

Photo: လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့