ဘူးသီးတောင်အခြေစိုက် ခမရ ၅၂၂ တပ်ရင်းကို AA သိမ်းပိုက်

ဘူးသီးတောင်အခြေစိုက် ခမရ ၅၂၂ တပ်ရင်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စကခ(၁၅) လက်အောက်ခံ၊ ခမရ (၅၅၂)တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်ထံမှ သိရသည်။

ခမရ (၅၅၂)တပ်စခန်းကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့ကစတင်၍  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီသည် ကြည်းတပ်၊ လေတပ်ဖြင့် အပြင်းအထန် ခုခံကာကွယ်မှုကြားမှ AAက ရက်ပေါင်း (၃၂)ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စခန်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံစစ်ကောင်စီတပ်သားတချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကာ ထွက် ပြေးလွတ်မြောက်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။

လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် အရေအတွက်မှာ ထောင်ချီရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်သည် တစ်လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သည့်  မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်နေသည်ဟု သိရသည်။

#TachileikNewsAgency