စစ်ကောင်စီတပ်၏ မယ်စိထာ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီတပ်ဘက်က (၅)ဦး သေပြီး (၁၀)ဦး ထွက်ပြေး

စစ်ကောင်စီတပ်၏ မယ်စိထာ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီတပ်ဘက်က (၅)ဦး သေပြီး (၁၀)ဦး ထွက်ပြေး

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မယ်စိထာ စစ်ဆေးရေးဂိတ်စခန်းကို ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ နံနက် (၄) နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ (၁)နှင့် တပ်မဟာ (၅)ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ စကခ (၈)လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း လက်အောက်ခံ အဆိုပါ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဂိတ်စခန်းသိမ်းပိုက်ရာတွင် စစ်ကောင်စီ တပ်သား (၅)ဦးသေပြီး ပစ္စတို MA 5 (၁) လက်၊ K3 79 (၁)လက်၊ K3 (၃)လက်၊ ကျည်ဘောက် (၂၀)ခု၊ ကျည်ဆံ (၁၅၀၀)တောင့်ကို သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

 

မယ်စိထာ ဂိတ်စခန်းသည် KNU တပ်မဟာ (၁)နှင့် တပ်မဟာ (၅) ကြားတွင်တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်းတစ်ခုဖြစ်ကာ ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်းခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် ဂိတ်စခန်းဖြစ်သည်ဟု ဆို ည်။

 

မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီတပ်သားအင်အား (၁၅) ဦးရှိ၍ (၅) ဦးမှာ စခန်းအတွင်း သေဆုံးခဲ့ပြီး (၁၀) ဦးမှာ ဂိတ်စခန်းအား စွန့်ခွာထွက်ပြေး လွတ်မြောက်သွားသည်ဟု သိရသည်။

#TachileikNewsAgency