ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း

ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
နိုဝင်ဘာ 6, 2020
By Tachileik News Agency
ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် ကျောက်မဲမြို့၏ (၆)ဦးမြောက် အတည်ပြုလူနာ Case – 49619 အား ထပ်မံစစ်ဆေးမှုအတွင်း COVID 19 ပိုးမတွေ့ရတော့သဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်း၌ ဆေးရုံဆင်းခွင့်ပေးလိုက်ပြီဖြစ်သည်။
ဆေးရုံဆင်းခွင့်ရလူနာအနေဖြင့် မိမိနေအိမ်တွင် အသွားအလာကန့်သတ်ပြီး (၇) ရက်ဆက်လက် နေထိုင်ရမည်ဖြစ်သည်။
အဆိုပါ အတည်ပြုလူနာမှာ မူဆယ်မြို့မှ  အတည်ပြုလူနာ(ယာဉ်မောင်း)နှင့် ထိတွေ့မှုရှိခဲ့သဖြင့် ကျောက်မဲမြို့တွင် အသွားအလာကန့်သတ်ကာ ဓာတ်ခွဲစစ်ဆေးရာမှ အောက်တိုဘာလ (၂၆)ရက်နေ့၌ COVID 19 ပိုးတွေ့ရသဖြင့် ကျောက်မဲပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
ပိုးတွေ့လူနာနှင့် တစ်အိမ်တည်းအတူနေ မိသားစုဝင် (၁၀) ဦးကိုလည်း Facility Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ပိုးမတွေ့ရသော်လည်း Quarantine  သတ်မှတ်ရက် မပြည့်သေးသဖြင့် အသွားအလာကန့်သတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~