ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ယာဉ်များ ကုန်ပစ္စည်းချခွင့်အတွက် ယာဉ်မောင်း လဲလှယ်မောင်းနှင်ရမည်

ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ယာဉ်များ ကုန်ပစ္စည်းချခွင့်အတွက် ယာဉ်မောင်း လဲလှယ်မောင်းနှင်ရမည်
အောက်တိုဘာ 1, 2020
By Tachileik News Agency

ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ယာဉ်များ ကုန်ပစ္စည်းချခွင့်အတွက် ယာဉ်မောင်း လဲလှယ်မောင်းနှင်ရမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့သို့  ပြည်နယ်တွင်း၊ ပြည်နယ်ပြင်ပမှ လာသည့် ကုန်တင်ယာဉ်အားလုံး သီးသန့်ယာဉ်ရပ်နားစခန်းတွင် ရပ်နားရမည်ဖြစ်ပြီး ကုန်တင်ယာဉ်မောင်း လဲလှယ် မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။
“မြို့နယ်ထဲမှာ မည်သည့်နေရာမှ ယာဉ်ရပ်နားမှု မရှိစေရေးအတွက် မြို့ကိုဖြတ်မယ့်ယာဉ်တွေကို ယာဉ်ထိန်းတွေနဲ့ ကြပ်မတ်ပြီး သတ်မှတ်ထားတဲ့ နယ်နိမိတ်အထိ လိုက်ပို့တဲ့စနစ်ကို သုံးမှာပါ။ ဂုတ်တွင်းမှာရှိတဲ့ ယာဉ်ရပ်နားရာ နေရာကလွဲရင် ဘယ်နေရာမှာမှ ယာဉ်တွေပေးမရပ်ပါဘူး။ အဲဒီလို စနစ်တကျရှိဖို့အပြင် ယာဉ်မောင်းတွေမှာ ကိုဗစ် ပိုးမရှိကြောင်း စစ်ဆေးထားတဲ့ ထောက်ခံစာ ပါ မပါ ဆိုတာကို နောင်ချိုနဲ့ သီပေါ တိုးဂိတ်တွေမှာ ကြပ်မတ်စစ်ဆေး သွားမှာပါ” ဟု ကျောက်မဲမြို့နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဌဖြစ်သူ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများ အနေဖြင့် နှစ်ပတ်အတွင်း စစ်ဆေးထားသည့် COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးဆေးစစ်ချက် ထောက်ခံစာပါမှ ဝင်ခွင့်ပြုမည်ဖြစ်ပြီး ပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်များအနေဖြင့်လည်း ပြည်နယ်ပြင်ပသို့ ထွက်ခွာခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၄) ရက်နေ့အထိ ကန့်သတ်ထားခြင်း ဖြစ်သည်။
ပြည်နယ်တွင်း ကုန်တင်ယာဉ်များ လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သော်လည်း ကျောက်မဲသို့ အခြားဒေသမှ ကုန်တင်ယာဉ်များ ရောက်လာပါက ကုန်တင်ယာဉ် စစ်ဆေးရေး စင်တာ၌ သတင်း ပို့ရမည်ဖြစ်ကာ ယာဉ်မောင်း လဲလှယ်သည့် စနစ်ဖြင့် မြို့တွင်း သို့ ကုန်ချခွင့်ပြုမည် ဖြစ်ပြီး ကျောက်မဲမှ ပြန်ပို့မည့် ကုန်စည်များကိုလည်း ၎င်းယာဉ်များဖြင့်သာ ပြန်တင်သွားရန် စီစဉ်ပေးမည်ဟု သိရသည်။
ထို့ပြင်  ကျောက်မဲနယ် အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားခြင်းကို လိုက်နာမှုအခြေအနေအား ကိုဗစ်ကော်မတီ၊ စည်ပင် နှင့် ပရဟိတ အဖွဲ့များ ပေါင်းစပ်ထားသည့် အဖွဲ့ (၈)ဖွဲ့ခွဲ၍ နေ့စဉ် စစ်ဆေးရေး လုပ်ဆောင်ပေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~