ပျက်ကျသွားသွားသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တွေ့ရှိ

ပျက်ကျသွားသွားသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တွေ့ရှိ
နိုဝင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနှင့် မရောပိုလီရွာကြား တောင်ယာတဲအနီးတွင် စစ်ကောင်စီတိုက်လေယာဉ်၏ အပျက်အစီးများကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် တွေ့ရှိပြီဖြစ်ကြောင်း NUGက သတင်းထုတ်ပြန်သည်။

ကရင်နီတော်လှန်ရေးတပ်များဘက်က ပစ်ချလိုက်သည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးနှစ်ဦး လွတ်မြောက်သွားသည်ဟု KNDFဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်တစ်စီး ပျက်ကျသွားကြောင်း ဝန်ခံပြောဆိုခဲ့သည်။

အဆိုပါလေယာဉ်ပျက်ကျစဉ် လွတ်မြောက်သွားသည့် လေယာဉ်မှူး (၂)ဦးထံမှ လေထီး (၁)စုံ၊ ကယ်ဆယ်ရေး လေထိုးလှေငယ် (၁)စင်း၊ စကားပြောစက်ကြီး (၁)လုံး၊ လက်ကိုင်စကားပြောစက် (၁)ခု၊ လေယာဉ်မှူးထိုင်ခုံ (၁)ပိုင်း၊ အသက်ရှူအောက်ဆီဂျင်စက် (၁)စုံ၊ Helmet (၁) လုံး၊ ဆေးဝါးများနှင့် ဓာတ်စာများကို တော်လှန်ရေးတပ်များဘက်က သိမ်းဆည်းရရှိခဲ့သည်။

#TachileikNewsAgency

Photo : MOD NUG