နမ္မတူမြို့တွင် KIA တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်  

နမ္မတူမြို့တွင် KIA တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်  
ဒီဇင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့တွင် ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် စစ်ကောင်စီတပ်က လူ(၂)ဦးကို ပစ်ခတ်လိုက်ရာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်သတ်ခံရသူနှစ်ဦးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင် (၂)ဦးဖြစ်ပြီး နမ္မတူမြို့နယ် တရားရုံးရှေ့ လမ်း(၄)ခွရှိ မိုင်းရင်လမ်းခွဲ၌ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၃၂၄)က ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

“KIA တပ်ဖွဲ့ဝင်နှစ်ဦးပါ။ နယ်မြေကျွမ်းကျင်မှုမရှိတာလားမသိဘူး။ လမ်းမှားပြီးရောက်သွားလို့ စစ်တပ်က ပစ်သတ်လိုက်တာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ရှမ်းတပ်ဖွဲ့(SSPP)က နမ္မတူမြို့နယ် သတလ (၃)ရပ်ကွက် အထက(၁) အထက်တန်းကျောင်းအနီး၌ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် TNLA တပ်ဖွဲ့ဝင်(၃)ဦးကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပစ်ခတ်သည့်အတွက်ကြောင့် နှစ်ဖက်ပစ်ခတ်မှု (၁၅)မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး TNLA တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးသွားသည်ဟု သတင်းဖော်ပြခဲ့သည်။

#TachileikNewsAgency