ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနှင့် ရဲစခန်းအနီးရှိ လောင်းကစားဝိုင်း ပစ်ခတ်ခံရကာ (၄)ဦးသေ

ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနှင့် ရဲစခန်းအနီးရှိ လောင်းကစားဝိုင်း ပစ်ခတ်ခံရကာ (၄)ဦးသေ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနှင့် ရဲစခန်းအနီး ဘူတာရုံကြားရှိ လောင်းကစားဝိုင်းအား ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲနှင့် ပျူစောထီး (၄)ဦးသေဆုံးကြောင်း လက်ပံတန်းPDFထံမှ သိရသည်။

ရဲစခန်းအနီးရှိ လောင်းကစားဝိုင်းကို တိုက်ခိုက်ရာ၌ လုံခြုံရေးယူနေသည့် ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြပ်ကြီး အောင်ခိုင်၊ ပျူစောထီး ကြည်လွင်နှင့် အေးမင်းတို့သေဆုံးပြီး ပျူစောထီး မောင်မောင်ညွှန့်နှင့် ချစ်ကိုဦး အပါအဝင်(၅)ဦးထက်မနည်း ဒဏ်ရာရသည်ဟုဆိုသည်။

စစ်ကောင်စီအတွက် အခွန်အခရစေသည့် လောင်းကစားဝိုင်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ် စာထုတ်သတိပေးခြင်း အပါအဝင် အသံဗုံးခွဲ၍ သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်လက်၍လည်း စစ်ကောင်စီထောက်တိုင်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများ အနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထပ်မံအသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDFတပ်ရင်း (၃၈၀၂) တပ်ခွဲ(၄) လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေတန်းမြေ PDF)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency