ရှမ်း - ကယားနယ်စပ်ရှိ အာဏာသိမ်းတပ်ထံ ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေးယူရန် လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များက ( ၃ )ကြိမ် တိုက်ခိုက်

ရှမ်း - ကယားနယ်စပ်ရှိ အာဏာသိမ်းတပ်ထံ ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေးယူရန် လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များက ( ၃ )ကြိမ် တိုက်ခိုက်
မတ် 10, 2023 | 2021 Military Coup| ကယား

 ရှမ်း - ကယားနယ်စပ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ထံ ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေး တာဝန်ယူရန်လာသည့် စစ်ကောင်စီတပ်ကို ( ၃ )ကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ မတ်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေး တာဝန်ယူရန်လာသည့် ရှမ်း ပြည်နယ်တောင်ပိုင်း၊ ကျိုင်းခမ်းမြို့အခြေစိုက် ခမရ(၅၁၀)တပ် ရင်းသည် နယ်စပ်စခန်းများသို့မရောက်ရှိမီ ဒေသကာကွယ်ရေးတပ်များက (၃)ကြိမ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ်၊ မတ်လ(၉)ရက်နေ့၏ နံနက်ပိုင်းက ထိုင်း - ကရင်နီနယ်စပ်အနီး ဒေါတခဲစစ်ဒေသတွင် ကရင်နီတပ်မတော် (KA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦးသေပြီး ဒဏ်ရာတစ်ချို့ရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် မတ်လ(၆)ရက်နေ့ကလည်း နယ်စပ်တပ်စခန်းသို့ ရိက္ခာပို့ ဆောင်ရေးနှင့် လမ်းလုံခြုံရေးတာဝန်ယူရန် တာတမောမှ ထွက်ခွာလာစဉ် BP-9 တောင်ကုန်းအမှတ် ပွိုင့် ၃၂၂၂ အနီး အရောက်၌ ကရင်နီပြောက်ကျားတပ်က ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် ခမရ(၅၁၀) မှ တပ်သား တစ်ဦးသေကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကလည်း ရှားတောမြို့နယ်၊ တာတမောစခန်းမှ ရှားတောဗျူဟာကုန်းသို့ ရိက္ခာပို့ရန်စီစဉ်နေစဉ် KA နှင့် KNDF တပ်တို့က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅)ဦးသေကြောင်း သိရသည်။