ကလိန်အောင်မြို့ရှိ ခမရ ၄၀၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

ကလိန်အောင်မြို့ရှိ ခမရ ၄၀၉ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
ဇန်နဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ကလိန်အောင်မြိုနှင့် ကျောက်ရှပ်ကျေးရွာကြားရှိ စစ်ကောင်စီတပ်၏ အမှတ်(၄၀၉) ခြေမြန်တပ်ရင်းအား ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ အဆိုပါ ခမရ(၄၀၉)တပ်ရင်းကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)၏ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် T1မှ မြေပြင်‌ချေမှုန်းရေး ကွန်မန်ဒိုတပ်ဖွဲ့နှင့် ရေဖြူတပ်ပေါင်းစုအဖွဲ့များ ပူးပေါင်း၍ SFZ Drone ဖြင့် (၈၁)မမ ဗုံးသီး(၅)လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ်(၄၀၉) ခြေမြန်တပ်ရင်း၏ အရာရှိရိပ်သာအပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် Droneကို ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်လည်း ပြန်လည်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

KBDF Drone တပ်ဖွဲ့နှင့် ပူး‌ပေါင်းမဟာမိတ်တပ်ဖွဲ့များသည် ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ အဆိုပါ စစ်ဆင်ရေးတွင် KBDF တပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄)မှ အမျိုးသမီးစစ်သည်တော်များလည်း ပထမဆုံးလိုက်ပါတိုက်ခိုက်ခဲ့သော စစ်ဆင်ရေးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency