မတူပီ-ဟားခါးလမ်းတွင် စစ်ကောင်စီတပ်နှင့် CDF မတူပီတို့ တိုက်ပွဲဖြစ်

မတူပီ-ဟားခါးလမ်းတွင် စစ်ကောင်စီတပ်နှင့် CDF မတူပီတို့ တိုက်ပွဲဖြစ်
အောက်တိုဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် မတူပီ-ဟားခါးလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ခရိုင်ရုံးနှင့် ငလိုင်ကျေးရွာအကြားတွင် CDFမတူပီနှင့် စစ်ကောင်စီတပ်များ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

  

စစ်ကောင်စီတပ်များသည် အင်အား(၈၀)ဝန်းကျင်ဖြင့် တပ်စွဲထားသည့် ခရိုင်ရုံးအတွင်းမှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ မတူပီ-ဟားခါးလမ်းပိုင်းကို သွားလာခြင်းများ မပြုလုပ်ကြရန် CDF မတူပီက အသိပေးထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်နေ့ကလည်း CDF မတူပီတပ်ဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့ ခလရ(၃၀၄)တပ်စခန်းဂိတ်အား ဝင်ရောက်ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်‌ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :  Chinland Defense Force Matupi