လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီထုတ်ကုန်များ ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ရန် လူထုလှုပ်ရှားမှုပြုလုပ်

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီထုတ်ကုန်များ ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ရန် လူထုလှုပ်ရှားမှုပြုလုပ်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာသားကိုင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထူပိတ်လှုပ်ရှားမှုကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့ နေ့လယ်ပိုင်းတွင် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ပြည်သူလူထုကို အကြောင်းမျိုးမျိုးပြ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်‌နေသည့်အပြင် ပြည်သူ‌များ၏ အိုးအိမ်စည်းစိမ်များကိုပါ လုယက်ဖျက်ဆီး အကြမ်းဖက်မှုများနေ့စဉ်နှင့်အမျှ ကျူးလွန်နေခြင်းသည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု‌များနှင့် စစ်တပ်ပိုင်စီးပွားရေး၊ စစ်တပ်ပိုင်ကုမ္ပဏီများ၏ ထုတ်ကုန်များ တင်ပို့ရောင်းချမှုများမှရရှိသည့် ဝင်ငွေများကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝရောင်းချခြင်း ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ကြဘဲ သပိတ်မှောက်သွားကြရန် တိုက်တွန်းလိုသည့်အနေဖြင့် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်ထုတ်ကုန် အရက် ဘီယာ၊ စီးကရက် အမျိုးအစားများမှာ မြန်မာဘီယာ(Myanmar Beer)၊ အက်(ထ)မန်တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည်၊ ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout)၊ မန္တလေး ဘီယာ၊ ရမ် (Mandalay)၊ အာမီရမ်(Army Rum)၊ Red Ruby စီးကရက်နှင့် Premium Gold စီးကရက်တို့ဖြစ်သည်။

#TachileikNewsAgency

Photo : Democracy Movement Strike Committee-Dawei