ကျွန်းလှမြို့နယ် ကြာတကံရွာအား စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့နေ

ကျွန်းလှမြို့နယ် ကြာတကံရွာအား စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့နေ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကြာတကံရွာအား စစ်ကောင်စီတပ် ခရမ(၃၆၁)နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ယနေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၇)ရက်နေ့ မနက်အပိုင်းကစတင်ကာ ဒုတိယအကြိမ် မီးရှို့နေကြောင်း သိရသည်။ 

အဆိုပါစစ်ကြောင်းသည် သြဂုတ်လ (၆)ရက်နေ့ ည(၁၀)နာရီဝန်းကျင်က ကျွန်းလှမြို့တွင်းမှ ထွက်ခွာလာ၍ အင်အား(၁၀၀)ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ကျွန်းလှမြို့အနီးရှိ ကြာတကံရွာ၊ ထန်းပင်ကုန်းရွာ၊ အင်းမရွာနှင့် ရှမ်းကုန်းရွာမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု Infinity Groupထံမှသိရသည်။

 

အိမ်ခြေ (၁၁၇)အိမ်ရှိ ကြာတကံရွာသည် ကျွန်းလှမြို့နှင့် တစ်မိုင်ခန့်သာဝေးကာ စစ်ကောင်စီတပ်၏ ပထမအကြိမ်မီးရှို့ခံခဲ့ရစဥ်က နေအိမ်(၂၇)လုံးနှင့် စစ်ရှောင်တဲ(၃)လုံး မီးလောင်ပျက်စီးခဲ့ရသည်။

#TachileikNewsAgency