ချောက်မြို့မရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ 

ချောက်မြို့မရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ 
စက်တင်ဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ချောက်မြို့နယ် မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ‌Chauk Guerrilla Forc(CGF)တပ်ဖွဲ့ထံက သိရသည်။

အဆိုပါရဲစခန်း၏ ရှေ့တည့်တည့်မှနေ၍ စခန်းအတွင်းရှိ ကင်းဂိတ်တဲစခန်းရှေ့ရှိ ဘန်ကာ(၃)ခုအတွင်းသို့ လက်ပစ်ဗုံးဖြင့် ‌Chauk Guerrilla Forc(CGF)တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီသားများက လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဘန်ကာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိနိုင်ပြီး တိုက်ခိုက်မှုကို ချောက်ပကဖ၊ မြိုင်ပကဖနှင့် မကွေးခရိုင် အမှတ်(၂) ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူကပေးသည့် လစာကိုယူကာ ပြည်သူကို ဒုက္ခပေးနေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ပြီး ထပ်မံ၍လည်း စစ်ဆင်ရေးများကို ရှောင်တခင် ဝင်ရောက်ကာ ပြည်သူဘက်မပါသူများအား ရှင်းလင်းသွားမည်ဖြစ်သဖြင့် ချောက်မြို့နယ် မြို့မရဲစခန်းတွင်းရှိ ရဲဝန်ထမ်းများနှင့် မိသားစုများအားလုံး ပြည်သူဘက်က ရပ်တည်ပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency