ဒီပဲယင်းတွင် အရက်မူးလွန်ကာ PDF ကင်းပုန်းနှင့်တိုးသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိ

ဒီပဲယင်းတွင် အရက်မူးလွန်ကာ PDF ကင်းပုန်းနှင့်တိုးသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိ
နိုဝင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် အရက်အမူးလွန်ပြီး PDFတပ် ကင်းပုန်းနေရာသို့ ရောက်လာသော စစ်ကောင်စီတပ်သားတစ်ဦးကို ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Ka Naung Squad-Depeyin PDFထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့က ဖန်းခါးကျင်းကျေးရွာအနီး ကနောင်တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ ကင်းပုန်းဝပ်‌

နေစဉ် ၎င်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားတစ်ဦးသည် အရက်အမူးလွန်ပြီး ကင်းပုန်းရှေ့သို့ ရောက်ရှိလာသဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၎င်းနှင့်အတူ (၆၀)မမ တစ်လုံး၊ ၅.၅၆ ကျဉ်(၁၀၀)တောင့်ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆေးမေးမြန်းနေစဉ် အစောင့်ရဲဘော်ထံမှ လက်နက်အားလုယူ၍ ထွက်ပြေးရန်ကြိုးစားသဖြင့် ၎င်းစစ်ကောင်စီတပ်သား သေနတ်ကျည်ထိမှန် သေဆုံးသွားကြောင်း Ka Naung Squad-Depeyin PDF က ယနေ့ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Ka Naung Squad - Depeyin PDF