တရုတ်နိုင်ငံတွင် လူပြောများပြီး စိတ်ဝင်စားမှု မြင့်တက်လာသည့် ရေခဲတုံးကင်

တရုတ်နိုင်ငံတွင် လူပြောများပြီး စိတ်ဝင်စားမှု မြင့်တက်လာသည့် ရေခဲတုံးကင်
စက်တင်ဘာ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

 ရေခဲတုံးများကို မီးကင်ပြီး ဟင်းအနှစ်နှင့် ဟင်းခတ် အမွှေးအကြိုင်များခပ်နေသည့် ဗီဒီယိုတစ်ခုမှာ တရုတ်ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေခဲ့ပြီးနောက် ဟာသအနေဖြင့် ဖန်တီးလိုက်သည့် ရေခဲတုံးကင်မှာ ယခုအခါတွင် လူစိတ်ဝင်စားမှု များလာနေကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ကျောက်တုံးမွှေကြော်ဟင်းလျာကို လူသိများခဲ့ကြသလို ယခု ရေခဲတုံးကင်မှာလည်း ဆိုရှယ်မီဒီယာတွင် စိတ်ဝင်တစား လူပြောများနေကြပြီးနောက်  စားကြည့်ချင်သူများက ကြိုတင်မှာရသည်အထိ ဖြစ်လာသည်။

ကျန်းရှီးပြည်နယ် နန်ချောင်မြို့ရှိ လမ်းဘေး အစားအစာဆိုင်တွင် အစားအသောက် ရောင်းချနေသည့် အမျိုးသားက  ပူပြင်းသည့် နေ့တစ်နေ့တွင် လူအများကို အေးသွားသလို ခံစားရစေမည့် နည်းလမ်းအဖြစ် ရေခဲတုံးကင်ရန် စိတ်ကူး ပေါ်ပေါက်ခဲ့ရာမှ  ဟာသအနေဖြင့် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင် လူအများက ကြိုက်နှစ်သက်သွားကြရာ ရေခဲတုံးကင်ကို ဆက်လုပ်နေကြောင်း သိရသည်။ 

ရေခဲတုံးများကို မီးဖိုပေါ်တွင် တင်ကာ မီးကင်ပြီး ဟင်းအနှစ်နှင့် ဟင်းခတ်အမွှေးအကြိုင်များခပ်ပြီးနောက် ပန်းကန်ပြားတစ်ချပ်ထည့်ကာ တည်ခင်းခဲ့သည်ကို တွေ့ရသည်။

ပူပြင်းသော နွေရာသီရက်များတွင် ရေခဲတုံးကင်မှာ အလွန်ရေပန်းစားခဲ့ပြီး အထူးသဖြင့် အစားအစာမှာယူ စားသောက်သူများအတွက်  အခမဲ့ ပြုလုပ်ပေးသည့် ရေခဲတုံးကင်လည်း ဖြစ်သည်။

Source: OddityCentral

https://www.odditycentral.com/foods/grilled-ice-is-apparently-a-real-str...