ထိုင်းနိုင်ငံ ပြည်ထဲရေးက Covid-19 ကာကွယ်ရေးအတွက် မြန်မာနယ်စပ်တစ်လျှောက် ခိုးဝင်များအား တင်းကြပ်စွာ စိစစ်တားမြစ်ရန် ညွှန်ကြား

ထိုင်းနိုင်ငံ ပြည်ထဲရေးက Covid-19 ကာကွယ်ရေးအတွက် မြန်မာနယ်စပ်တစ်လျှောက် ခိုးဝင်များအား တင်းကြပ်စွာ စိစစ်တားမြစ်ရန် ညွှန်ကြား
သြဂုတ် 28, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ ပြည်ထဲရေးက Covid-19 ကာကွယ်ရေးအတွက် မြန်မာနယ်စပ်တစ်လျှောက် ခိုးဝင်များအား တင်းကြပ်စွာ စိစစ်တားမြစ်ရန် ညွှန်ကြား
ထိုင်းနိုင်ငံက  မြန်မာနယ်စပ်တစ်လျှောက်ရှိ ခရိုင်များတွင် နယ်စပ်ခိုးဝင်ပေါက်များအား တင်းတင်းကြပ်ကြပ်  စိစစ်ကြရန်နှင့်  တရားဝင် ဝင်လာသူများကိုလည်း ကျန်းမာရေးစစ်ဆေးမှု  ပြုလုပ်ရန် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့တွင် ညွှန်ကြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၁၆)ရက်နေ့မှစ၍ COVID 19 ပြည်တွင်း ကူးစက်ခံရသူအရေအတွက် (၂၀၀)ဝန်းကျင် အထိ တိုးလာနေသဖြင့် မြန်မာဘက်မှ တဆင့် ထိုင်းနိုင်ငံအတွင်း COVID 19 ကူးစက်ခံရခြင်း မရှိစေရေးအတွက် ယင်းကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက် ခိုးဝင်လမ်းရှိသည့် နေရာများကို ရှာဖွေ ပိတ်ဆို့ စစ်ဆေးကြရန်နှင့် တရားဝင် ဖြတ်သန်းဝင်လာသူများကိုလည်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းဘေး တစ်လျှောက်တွင် မယ်ဆိုင်ဘက်က သံဆူးကြိုးခတ်ခြင်း၊ နေ့ရော ညပါ ကင်းပုန်းဝပ်ခြင်း၊ လှည့်ကင်းလှည့်ခြင်းများ နှင့် Drone များဖြင့် အရှိန်အဟုန်တိုးမြင့်ကာ စောင့်ကြည့်သွားရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

နယ်စပ်ချောင်းအပြင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု နယ်စပ်တောလမ်းဘက်တွင် မယ်ဆိုင်ဘက် ဆိုင်ကယ်များ မှောင်ခိုးသယ်ယူနေခြင်း၊ တာချီလိတ်မှ မယ်ဆိုင်သို့ လူများ ခိုးဝင်နေခြင်းများလည်း ကြားသိရနေရသည့်အတွက် တင်းကြပ်စွာ စစ်ဆေးသွားရန်  ထိုင်းနိုင်ငံဘက် ခရိုင်အဆင့်ကလည်း ညွှန်ကြားထားကြောင်းလည်း သိရသည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့ နေ့လည်(၁)နာရီအထိ ထိုင်းနိုင်ငံတွင် Covid-19 ဓါတ်ခွဲနမူနာပေါင်း (၄၁၃,၁၄၆)ခုကို ဓါတ်ခွဲစစ်ဆေးပြီးဖြစ်ရာ ပြည်ပပြန် နှင့် ပြည်တွင်း ကူးစက်မှုများအဖြင့် COVID 19 ကူးစက်ခံရသူ စုစုပေါင်း  (၃၄၁၀) ဦးတွေ့ရှိပြီး သေဆုံးသူမှာ (၅၈)ဦးအထိ ရှိထားကြောင်း သိရသည်။
Tachileik News Agency
Source: Bangkok Post , MoPH , CRP
 
( တာချီလိတ် - မယ်ဆိုင် နယ်စပ်တစ်လျှောက်တွင် မယ်ဆိုင်ဘက်က  သံဆူးကြိုးခတ်ခြင်း လုံခြုံရောင်းဆောင်ရွက်ထားခြင်း အခြေပြ မြေပုံ )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~