ရန်ကုန်နှင့် မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM လုပ်ရန် လှုပ်ရှားမှုပြုလုပ်

ရန်ကုန်နှင့် မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM လုပ်ရန် လှုပ်ရှားမှုပြုလုပ်
စက်တင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန်နှင့် CDM လှုပ်ရှားမှုတွင် ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါလှုပ်ရှားမှုများကို စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်နေသည့်ကြားက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)နှင့် ပြည်သူ့ရင်ခွင် (People’s Embrace)၊ Kyimyindaing Networks - K.M.D18)၊ Mayangone Democratic Front(M.D.F)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာဒုံစစ်ဈေးပတ်ဝန်းကျင်၊ မန္တလေးမြို့တွင် ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်းကျုံးဘေး၊ ကုသိုလ်တော် (သို့) မန်းလေးတောင်တော်တို့တွင် လက်ကမ်းစာစောင်(၂၃၀၀)ကျော်ကို ဖြန့်ဝေခဲ့ကြောင်း All Burma Federation of Student Unionsထံမှသိရသည်။

#TachileikNewsAgency

Photo : All Burma Federation of Student Unions