သိန္နီ စကခ ၁၆ နောက်တန်းဌာနချုပ်နှင့် ကွတ်ခိုင်ဗျူဟာကို အပြီးသတ်သိမ်းပြီဟု မဟာမိတ်တပ်များထုတ်ပြန်

သိန္နီ စကခ ၁၆ နောက်တန်းဌာနချုပ်နှင့် ကွတ်ခိုင်ဗျူဟာကို အပြီးသတ်သိမ်းပြီဟု မဟာမိတ်တပ်များထုတ်ပြန်
ဇန်နဝါရီ 8, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီအခြေစိုက် စစ်ကောင်စီ၏ စကခ(၁၆) နောက်တန်းဌာနချုပ်နှင့် ကွတ်ခိုင်ဗျူဟာတို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် အပြီးသတ်သိမ်းနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။

သိန္နီအခြေစိုက် စစ်ကောင်စီ၏ စကခ (၁၆)နောက်တန်းဌာနချုပ်ကို ဇန်နဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းတွင်သိမ်းပြီး ကွတ်ခိုင်ဗျူဟာကုန်းကို ည(၁၁)နာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ 

တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန် ကျန်နေသေးသည့် စစ်ဆင်ရေးပစ်မှတ်များနှင့် လက်နက်ချအညံ့မခံသေးသော ရန်သူ့အကြွင်းအကျန်တချို့ကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း ထုတ်ပြန် ထားသည်။

ထုတ်ပြန်ထားပြီးဖြစ်သည့်အတိုင်း အသာတကြည် လက်နက်ချအညံ့ခံသူများသည် ပြည်သူ့သူရဲကောင်းများအဖြစ် စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းတွင် ပြည်သူလူထုတစ်ရပ်လုံးမှ အသိအမှတ်ပြုနေမည်ဖြစ်သည်ဟုလည်း ဆိုသည်။

#TachileikNewsAgency