ပေါက်မြို့နယ် ပျူစောထီးစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ပေါက်မြို့နယ် ပျူစောထီးစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း ပေါက်မြို့နယ် တပ်ကုန်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် စခန်းအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီးများထိခိုက်သေဆုံးသူရှိပြီး ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း Chauk Guerrilla Force(CGF)ထံမှ သိရသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း(၁၂) YRF၊ မြိုင် ပကဖ၊ ပေါက်တောင်ပိုင်း ပကဖ ဗိုလ်ကျီးကန်း၊ ပခုက္ကူ PPDF၊ ချောက် ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၈)၊ ပခုက္ကူ ပကဖ တပ်ခွဲ(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency