ဟန်လင်းပျူမြို့ဟောင်းသို့ တပ်ချိန်းရန်လာသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုက်ခိုက်ရာ ခဲယမ်းတချို့ရ

ဟန်လင်းပျူမြို့ဟောင်းသို့ တပ်ချိန်းရန်လာသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုက်ခိုက်ရာ ခဲယမ်းတချို့ရ
သြဂုတ် 20, 2023 | 2021 Military Coup| အတွေးအမြင်

စစ်ကိုင်းတိုင်း ကျောက်မြောင်းမှ ဟန်လင်းပျူမြို့ဟောင်းသို့ တပ်ချိန်းရန်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

ကျောက်မြောင်းမှ ဟန်လင်းပျူမြို့ဟောင်းသို့ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် လူချိန်းရန်လာသည့် အင်အား (၈၀)ဦးခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပထမအကြိမ်တွင် BLACK WOLF-ARMY၊ Who am i - army၊ ရွှေဘိုကျားကြီး၊ ရွှေဘိုမင်း၊ တိုက်နယ်(၄) ပကဖတို့က လက်နက်ကြီး၊ လက်နက်ကြီးငယ်ဖြင့် တိုက်ခိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဟန်လင်းပျူမြို့ဟောင်းမှ ကျောက်မြောင်းသို့ လူချိန်းကာပြန်လည်ထွက်ခွာလာသည့် အဆိုပါ စစ်ကောင်စီတပ်ကို ဒုတိယအကြိမ် BLACK WOLF - ARMY၊ Who am i-army၊ ရွှေဘိုကျားကြီး၊ ရွှေဘိုမင်း၊ တိုက်နယ်(၄) ပကဖ တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ထံမှ ခဲယမ်းတချို့နှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း BLACK WOLF–ARMY က ယနေ့ ဩဂုတ်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : BLACK WOLF–ARMY