ကြာအင်းဆိပ်ကြီးရှိ ရေဘေးသင့်ပြည်သူများကို NUGက ဆန်ထောက်ပံ့

ကြာအင်းဆိပ်ကြီးရှိ ရေဘေးသင့်ပြည်သူများကို NUGက ဆန်ထောက်ပံ့

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ဒေသခံများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်၍ သွားလာရေးနှင့် စားဝတ်နေရေးများ အခက်ခဲဖြစ်နေသော ဒေသခံများကို NUG က ဆန်(၄၁)အိတ် ထောက်ပံ့ပေးကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံမှ သိရသည်။

အဆိုပါဆန်များကို ဆင်ခေါင်းကျေးရွာ၊ ဓနုံးကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာ၊ တရုတ်မှော်ကျေးရွာ၊ ဆီဆုံကျေးရွာ၊ ရေလဲရွာသစ်၊ ရေလဲအနောက်စု၊ ရေလဲကြီးကျေးရွာ၊ ကွမ်းသီးခြံကျေးရွာနှင့် ချောင်းဝကျေးရွာတို့ရှိ ဒေသခံ(၁၉၂၃)ဦးအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတိုးကာ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး အစရှိသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ပြီးခဲ့သည့် ဩဂုတ်လ(၉)ရက်နေ့ကစတင်ကာ တစ်ပတ်ကျော်ကြာ ရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo :ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့