လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ရှော့တိုက်ဒုံးဖြင့်ပစ်ခံရ

လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ရှော့တိုက်ဒုံးဖြင့်ပစ်ခံရ
အောက်တိုဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒါးပိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Little Hero(YGN)ထံမှ သိရသည်။ 

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်စခန်းအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

စစ်ရေးတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပေးကြရန်နှင့် စစ်ကောင်စီနှင့် ပတ်သက်သော နေရာများအား ရှောင်ကွင်းသွားလာကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၂)ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ရှော့တိုက်ဒုံး(၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency