ကျောက်မိုင်းဒေသကို လေယာဉ်၊ လက်နက်ကြီးတို့နှင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း တချို့ရရှိ

Photo: Cobra Column
Photo: Cobra Column
ကျောက်မိုင်းဒေသကို လေယာဉ်၊ လက်နက်ကြီးတို့နှင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း တချို့ရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသတွင် ၂၀၂၃ခုနှစ်၊ မေလ (၁၇)ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း   စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Cobra စစ်ကြောင်းက သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည်  မေလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ (၃)ကြိမ်တိုက်ခိုက်ခဲ့ပြီး (၁၂၀)မမ လက်နက်ကြီး၊ (၁၂၂)မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့၍ ထိုးစစ်ဆင်လာရာ KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ  MA1 (၁)လက်၊ MA ကျည်ဘောက် (၅)ဘောက်၊ ကပစကျည် (၁၀၅)တောင့်၊ အီနာဂါ (၁)လုံး၊ ၆၀ မမ (၃)လုံးတို့က်ု ပူးပေါင်း တပ်ဘက်က သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို KNLA တပ်မဟာ(၆)၊ Cobra စစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Golden Eagle၊ Federal Wings တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။