နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမိန့်ချပြီးသည့် ထောင်ဒဏ်များကနေသာ လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း စစ်ကောင်စီ ကြေညာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမိန့်ချပြီးသည့် ထောင်ဒဏ်များကနေသာ လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း စစ်ကောင်စီ ကြေညာ

 နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမိန့်ချပြီးသည့် ထောင်ဒဏ်များကနေသာ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီဘက်က ယနေ့ ၂၀၂၃ခုနှစ်  သြဂုတ်လ(၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သက်ဆိုင်ရာတရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပြီးသည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၇/၂၀၂၁၊ ရာဇဝတ်မှု ကြီးအမှတ် ၇၁/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၈/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၄၅/၂၀၂၁တို့ဖြင့် ပြစ်မှု စီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုလည်း ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။